Saturday, April 18, 2009
" အမြန် ဓာတ်ပုံဆိုဒ်လျှော့ချနည်း"
ကျွန်တော်တို့ အခု digital camera တွေနဲ့ ရိုက်တဲ့
ဓာတ်ပုံတော်တော်များများက တော်ရုံတန်ရုံ resolution နဲ့ ရိုက်တာတောင်
ဆိုဒ်ကြီးတာ များပါတယ်။ ဒါကြောင့် တစ်နေရာကနေ တစ်နေရာ
ပို့ပေးတာပဲဖြစ်ဖြစ် memory stick နဲ့ သယ်သွားချင်ရင်ပဲ
ဖြစ်ဖြစ်ဆိုဒ်ကြီးနေတော့ ၀န်ကျယ်ပါတယ်။ ဒါကို အလွယ်ကူဆုံး
လျှင်လျှင်မြန်မြ ဓာတ်ပုံဆိုဒ်ကို လျှော့ချနိုင်ပါတယ်။
ပထမဆုံး ဆိုဒ်လျှော့ချချင် ပုံကို paint နဲ့ဖွင့်။ pic(the picture which
you want to reduce the size) -> right click ->Open with -> paint
ပြီးရင် ပြန် save(ctrl + s)။ ဒါမှမဟုတ် တခြားနေရာမှာ
ပြောင်းထားချင်တယ်ဆိုရင် save as နဲ့ save။
ဒါဆိုရင် တရုတ်သိုင်း ၀တ္တုများထဲကလို မည်သို့ မပုံ လုပ်လိုက်သည်မသိ။
2MB လောက်ရှိတဲ့ ဓာတ်ပုံများ 600KB လောက်သို့ လျှော့ကျသွာ ပါလိမ့်မယ်။

Subscribe to:
Post Comments (Atom)
No comments:
Post a Comment