လွတ်လပ်ပျော်ရွှင် ဖြူစင်စွာရယ်မော
ဆွေးနွေးငြင်းခုန် စာပြိုင်တွက်ချက်
တစ်ရက်တစ်ရက်နဲ့ ကုန်ဆုံး
မကြာခင်ငါတို့ တတွေ
BE ဘွဲ့ ကိုယ်စီပိုက်လို့ 
မြင့်မားတဲ့အောင်မြင်မှုလမ်း တစ်လှမ်းချင်းတက်ဖို့ 
အချင်းချင်းလက်ပြ နှုတ်ဆက်ကြရတော့မယ်
အပြင်မှာမမြင်သာပေမဲ့ ခိုင်မာတဲ့ သံယောဇဉ်
၇င်တွင်းမှာကိုယ်စီကိုယ်ငှနဲ့ ပေါ့...........
MYITKYINA GTC မှာတော့
ရသစုံတဲ့ပုံပြင်တွေ
ငါးနှစ်သား သံယောဇသ်အငွေ့ အသက်တွေ
ငါတို့ ရေးခဲ့တဲ့သမိုင်းတွေ
လွှမ်းခြုံလို့  ကျန်ရစ်နေရော့မယ်.............
ကျေနပ်စရာပဲ အဲ့ဒီမှာ အင်းလျားကန် မရှိပေမယ့်
အလွမ်းဟောင်းတွေနဲ့  နန့် ကွေ့ ချောင်းရှိတယ်..
ကျေနပ်စရာပဲ အဲ့ဒီမှာ စိမ်းလန်းတဲ့ ကံ့ကော်တန်းမရှိပေမယ့်
ညီညာဖြောင့်တန်းတဲ့ မြေနီလမ်းရှိတယ်....
ကျေနပ်စရာပဲ အဲ့ဒီမှာ မြကျွန်းသာ မရှိပေမယ့်
မိုးဖွဲဖွဲအောက်က လွမ်းစရာ တောင်တန်းတွေရှိတယ်....
ဟဲဟဲ အဲ့ဒီမှာ ပြီးပြည်စုံတဲ့ဥစာဓနတွေ မရှိပေမယ့်
ကြီးမြက်တဲ့ အတွေးအခ်ါတွေရှိတယ်....
ဟဲဟဲ အဲ့ဒီမှာ ကမ္ဘာကျော်တွေမရှိပေမယ့်
အနာဂတ်ကိုထွန်းညှိပေးမယ့် မီးအိမ်ရှင်တွေရှိတယ်...
အမြဲမဟုတ်ပေမယ် တမ်းတမိတဲ့အခါ
မင်းတို့ တတွေ MYITKYINA GTC ကြီးကို သတိရနေမလား
ငါကတော့ဘယ်ကိုရောက်ရောက်ဘယ်လော
MYITKYINA GTC ကြီးကို သတိရနေမယ်....
R-307 ကိုလည်းသတိရနေမယ်.....
သူငယ်ချင်းလေးတွေကိုလည်း
သတိရနေမယ်
လှေကားထစ်ပေါင်း( ၅၆ ) ထစ်ရဲ့  အထက်က
ဖြတ်လျေက်နေကြခြေသံတွေကိုလည်း
ကဲင်တင်းဆီက တစ်ခါတစ်ခါ ပျံလွှင့်လာတက်တဲ့
ကျောင်းသားတချို့ ရဲ့  ဂစ်တာသံတွေကိုလည်း
သတိရနေမယ်........
..............................
..............................
..............................
တကယ်ပါ
ကျောင်းသားဘ၀ကို
ငါ.............သတိရနေမယ်...။
--
လူငယ်
-